Aung Myint Moh Min Insurance

အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက်

ဝန်ဆောင်မှုပေးလျက်ရှိသော အသက်အာမခံအမျိုးအစားများ

( ၁ ) ပြည်သူပြည်သားအသက်အာမခံ

( ၂ ) အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ

( ၃ ) စုပေါင်းအသက်အာမခံ

( ၄ ) မြွေအန္တရာယ်အာမခံ

( ၅ ) ကျန်းမာရေးအာမခံ

 ပြည်သူပြည်သားအသက်အာမခံ

( ၁ ) အသက်ကန့်သတ်ချက် ။ အသက် ၁၀ နှစ် မှ ၅၅ နှစ်အထိ ထားရှိနိုင်သည်။

( ၂ ) အာမခံသက်တမ်း ။ အနည်းဆုံးအာမခံသက်တမ်း (၅) နှစ်ထားရမည်။

( ၃ ) အာမခံထားငွေ ။ အနည်းဆုံးကျပ်(၅၀,၀၀၀ိ/-)မှအများဆုံးကျပ်(၃၀,၀၀၀,၀၀၀ိ/-) အထိ ထားရှိနိုင်သည်။

( ၄ ) ပရီမီယံကြေး ။ အာမခံထားသူ၏ အသက်၊ အာမခံသက်တမ်းနှင့် အာမခံထား ငွေအရ ပရီမီယံ သတ်မှတ်ထားသည့် ဇယားအတိုင်း ပေးသွင်းရပါသည်။ (အာမခံထားသူ ၏ အလုပ်အကိုင်နှင့် ကိုယ်အလေးချိန်ပေါင်အပိုနှုန်းများအရ အပိုကြေးထပ်ဆောင်းပေး သွင်းရပါသည်။)

( ၅ ) အကျိုးခံစားခွင့် ။ အောက်ပါအကျိုးခံစားခွင့်များကို ခံစားခွင့်ရှိသည်-

  • သေဆုံးမှုအကျိုးခံစားခွင့် ။ အာမခံသက်တမ်းအတွင်း အာမခံထားသူသေဆုံးလျှင် အာမခံထားသူသေဆုံးလျှင် အာမခံထားငွေအား အကျိုးခံစားခွင့် လွှဲပြောင်းပေးခြင်း ခံရသူသို့ တစ်လုံးတည်း ထုတ်ပေးပါသည်။
  •  ထာဝစဉ်မစွမ်းမသန် အကျိုးခံစားခွင့် ။ အာမခံထားသူသည် အာမခံသက်တမ်း အတွင်း ထာဝစဉ်မစွမ်းမသန်ဖြစ်လျှင် အာမခံထားငွေကို တစ်လုံးတည်းထုတ်ပေးပါ သည်။
  •  နှစ်စေ့အကျိုးခံစားခွင့် ။ အသက်အာမခံထားရှိသည့် သက်တမ်းစေ့ပါက အာမခံထား သူအား အာမခံထားငွေကို တစ်လုံးတည်း ထုတ်ပေးပါသည်။
  •  အမ်းငွေ ။ အာမခံထားသူသည် တည်မြဲသည့် အသက်အာမခံပေါ်လစီတွင် အမ်းငွေ ထုတ်ယူနိုင်ပါသည်။ အာမခံသက်တမ်း(၅)နှစ်မှ (၁၂)နှစ်ထိ သက်တမ်းတို ပေါ်လစီတွင် ပရီမီယံ(၂)နှစ် ပေးသွင်းပြီးလျှင် အမ်းငွေခံစားခွင့်ရှိသည်။ အာမခံသက်တမ်း (၁၃)နှစ် နှင့် (၁၃)နှစ်အထက် သက်တမ်းရှည်ပေါ်လစီတွင် ပရီမီယံ(၃)နှစ် ပေးသွင်းပြီးလျှင် အမ်းငွေ ခံစားခွင့်ရှိသည်။  အမ်းငွေ = ပေးသွင်းပြီး ပရီမီယံ၏ ၃၀%
  • စာရင်းပိတ်တန်ဖိုး ။ အသက်အာမခံပေါ်လစီတွင် အမ်းငွေမထုတ်ယူလိုပါက စာရင်း ပိတ်နိုင်သည်။ စာရင်းပိတ်တန်ဖိုးကို ပေါ်လစီသက်တမ်းစေ့ရောက်မှသာလျှင် ထုတ်ယူနိုင်သည်။
  •  တန်ဘိုးလျော့ ။ ပြည်သူ့ဝန်ထမ်းအသက်အာမခံပေါ်လစီတွင် နှစ်စေ့ရန်(၂)နှစ် အလိုတွင် တန်ဘိုးလျော့ တောင်းခံငွေ ထုတ်ယူနိုင်သည်။
  •  ချေးငွေ ။ အာမခံထားသူသည် အမ်းငွေ၏ ၉၅% ကို ချေးယူနိုင်ပါသည်။ ချေးငွေ အနေဖြင့် တစ်နှစ်လျှင် အတိုးနှုန်း ၆.၂၅% အတိုး ပေးရပါမည်။

( ၆ ) ဆေးစစ်ခြင်း ။ အာမခံထားသူတိုင်း ဆေးစစ်ရပါမည်။

 အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ

( ၁ ) အာမခံထားသူ ။ အားကစားသမားများ (ကျောင်းလက်ရွေးစင်မှ မြန်မာ့လက်ရွေးစင် အဆင့်ထိ) ထားနိုင်သည်။ အားကစားသမားများ လေ့ကျင့်စဉ်နှင့် ယှဉ်ပြိုင်စဉ်ကာလ အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများအတွက် အကာအကွယ်ရရှိမည်။

( ၂ ) အသက်ကန့်သတ်ချက် ။ ၁၀ နှစ် မှ ၆၀ နှစ် အထိ

( ၃ ) အာမခံသက်တမ်း ။ ၁ နှစ်

( ၄ ) အာမခံထားငွေ ။ ကျပ်(၁၀)သိန်း၊ (၁ ယူနစ်)

(အားကစားသမားတစ်ယောက်လျှင် အာမခံထားငွေ(၅)ယူနစ်ထိ ထားနိုင်သည်။)

( ၅ ) ပရီမီယံ ။ ကျပ် (၅,၀၀၀ိ/-)၊ (၁ ယူနစ်)

( ၆ ) အကျိုးခံစားခွင့် ။ သေဆုံးလျှင်သော်လည်းကောင်း၊ ထာဝစဉ်မစွမ်းမသန်ဖြစ်လျှင်သော် လည်းကောင်း အာမခံထားငွေ တစ်လုံးတည်း ထုတ်ပေးပါသည်။ ခန္ဓာကိုယ်ထိခိုက် ဒဏ်ရာ ရမှုအတွက် အာမခံထားငွေ၏ ၅၀%ကို အများဆုံး ထုတ်ပေးပါသည်။

ဆေးရုံတက်ရခြင်းအတွက် တစ်ပတ်လျှင် ကျပ် ၁၀,၀၀၀ိ/- (ရက်သတ္တပတ် ၅၂ ပတ် အထိသာ)

စုပေါင်းအသက်အာမခံ

( ၁ ) အာမခံထားသူ ။ အလုပ်ရှင်မှလည်းကောင်း (သို့မဟုတ်) လုပ်သားများဆန္ဒအလျောက် လည်းကောင်း အာမခံထားနိုင်ပါသည်။ အနည်းဆုံးအလုပ်သမား(၅)ဦး ရှိရမည်။

( ၂ ) အသက်ကန့်သတ်ချက် ။ အသက် ၁၈ နှစ်မှ ၆၀ နှစ်အတင်းရှိသူ ဖြစ်ရမည်။

( ၃ ) အာမခံသက်တမ်း ။ ၁ နှစ်

( ၄ ) အာမခံထားငွေ ။ အလုပ်သမားတစ်ဦးလျှင် အာမခံထားငွေ အနည်းဆုံး ကျပ်(၁၀,၀၀၀ိ/-) မှ အများဆုံး ကျပ်(၅,၀၀၀,၀၀၀ိ/-)ထားရှိနိုင်ပါသည်။

( ၅ ) ပရီမီယံ ။ အာမခံထားငွေ ကျပ်(၁၀,၀၀၀ိ/-)လျှင် ပရီမီယံ ကျပ်(၁၀၀ိ/-)(အာမခံ ထားငွေ၏ ၁%)

( ၆ ) အကျိုးခံစားခွင့် ။ သေဆုံးလျှင်သော်လည်းကောင်း၊ ထာဝစဉ် မစွမ်းမသန်ဖြစ်လျှင်သော် လည်းကောင်း အာမခံထားငွေ တစ်လုံးတည်းထုတ်ပေးပါသည်။ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရ မှုအတွက် အာမခံထားငွေ၏ ၅၀% ကို အများဆုံး ထုတ်ပေးပါသည်။

( ၇ ) ဆေးစစ်ခြင်း ။ အသက်(၄၅)နှစ် ကျော်လျှင်သော်လည်းကောင်း၊ အာမခံထားငွေ ကျပ်(၁)သန်းအထက် ကျော်လျှင်သော်လည်းကောင်း ဆေးစစ်ရပါမည်။

 မြွေအန္တရာယ်အာမခံ

( ၁ ) အာမခံထားသူ ။ မည်သူမဆို ထားရှိနိုင်ပါသည်။ မြွေကိုက်ခံရခြင်းအတွက်သာလျှင် အကာအကွယ်ပေးပါသည်။

( ၂ ) အသက်ကန့်သတ်ချက် ။ အသက်အရွယ်မရွေး ထားရှိနိုင်သည်။

( ၃ ) အာမခံသက်တမ်း ။ ၁ နှစ်

( ၄ ) အာမခံထားငွေ ။ ကျပ် (၅၀၀,၀၀၀ိ/-)၊ (၁ ယူနစ်)

(လူတစ်ယောက်လျှင် အာမခံထားငွေ အများဆုံး(၁၀)ယူနစ်အထိ ထားနိုင်သည်။)

( ၅ ) ပရီမီယံ ။ ကျပ် (၅၀၀ိ/-)၊ (၁ ယူနစ်)

( ၆ ) အကျိုးခံစားခွင့် ။ သေဆုံးမှုနှင့် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရပါက နီးစပ်ရာဆေးရုံ(သို့) ကျန်းမာရေးဌာနတွင် ဆေးကုသမှုအတွက် ဆေးကုသစရိတ် ထုတ်ပေးပါသည်။ သေဆုံးမှု အတွက် အာမခံထားငွေ တစ်လုံးတည်း ထုတ်ပေးပါသည်။ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရမှု အတွက် အများဆုံးအကျိုးခံစားခွင့်မှာ အာမခံထားငွေ၏ ၅၀% ဖြစ်ပြီး ဆေးရုံတက်၍ ဆေးဝါးကုသခြင်းနှင့် သယ်ယူပို့ဆောင်စရိတ်အတွက် အများဆုံးကျပ် ၈၀,၀၀၀ိ/- ဖြစ်သည်။

ကျန်းမာရေးအာမခံ

ဆေးရုံတက်ဆေးကုသရခြင်းကြောင့် ဆေးကုသစရိတ်ကို အကာအကွယ် ရရှိ မည်-

  • အသက်ကန့်သတ်ချက် ။ ၆ နှစ်မှ ၆၅ နှစ်ထိ
  • အာမခံသက်တမ်း ။ ၁ နှစ်
  • အာမခံထားငွေ ။ ကျပ် (၁,၀၀၀,၀၀၀ိ/-)လျှင် (၁ ယူနစ်)။ (၅ ယူနစ်အထိ ထားရှိနိုင်သည်။)
  •  ပရီမီယံ ။ ကျပ် (၅၀,၀၀၀ိ/-)၊ (၁ ယူနစ်)
  • အကျိုးခံစားခွင့်

( ၁ ) ဆေးရုံတက်ရက် တစ်ရက်လျှင် ကျပ်(၁၅,၀၀၀ိ/-) နှင့် ဆေးရုံတက်ရက်အများဆုံး ရက်ပေါင်း(၃၀)အထိ ခံစားခွင့်ရှိသည်။ (ဆေးရုံတက်ရက် အနည်းဆုံး(၄)ရက်နှင့် အထက်အတွက် အကျိုးခံစားခွင့်ရှိသည်။ အာမခံထားသူဆန္ဒအရ ဆေးစစ်ရန် ဆေးရုံတက်ခြင်းအတွက် အကျုံးမဝင်ပါ။)

( ၂ ) မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှုအကျိုးခံစားခွင့် ကျပ်(၁၀)သိန်း။

(မတော်တဆ ထိခိုက်မှုကြောင့် ဆေးကုသမှုခံယူပြီး ကွယ်လွန်ခဲ့လျှင် ဆေးကုသ စရိတ်အပါအဝင် အများဆုံး ကျပ် (၁၀)သိန်း ခံစားခွင့်ရှိသည်။)

 

ဆက်သွယ်ရမည့်လိပ်စာ နှင့် ဖုန်းနံပါတ်များ

အမှတ်(၂၈)၊ ရွှေတိဂုံဘုရားလမ်းနှင့် ပန်တျာလမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း၊ ၀၁-၃၇၈၉၆၂၊ ၃၇၈၉၆၃၊ ၃၇၈၉၆၄

ဖက်(စ်)၊ ၀၁-၃၇၈၉၆၅