Myanmar Mobile Money

မြန်မာမိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကိုစတင်အသုံးပြုမည်ဆိုပါက စာတိုပို့စနစ်(SMS)၊ အမြန်စာတိုပို့စနစ် (USSD)နှင့် Acation ppli များဖြင့် အသုံးပြုနိုင်ပါသည်။ စာတိုပို့စနစ်(SMS)ကိုအသုံးပြုပြီး ဆောင်ရွက်မည်ဆိုပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

Join Customer မှ ဖုန်းပိုက်ဆံဝန်ဆောင်မှုနှင့် စတင်အသုံးပြုလိုသော် Join ကိုရိုက်ထည့်ပြီး 1666 သို့ ပေးပို့ရမည် ဖြစ်သည်။

Cash In (ကိုယ်စားလှယ်မှပြုလုပ်ရန်) CI (Agent Pin) အသုံးပြုသူဖုန်းနံပါတ် (Amount) ကိုရိုက်ထည့်ပြီး 1666 သို့ပေးပို့ရမည်။

P2P (တစ်ဦးမှတစ်ဦးသို့ငွေလွှဲခြင်း) MTX (Customer1 PIN) (Customer2 Phone Number) (Amount) ကိုရိုက်ထည့်ပြီး 1666 သို့ပေးပို့ရမည်။

Cash Out (Customer) CASH (Customer PIN) (Agent ID) (Amount) ကိုရိုက်ထည့်ပြီး 1666 သို့ပေးပို့ရမည်။

Purchase (Customer) BUY (Customer PIN) (Merchant ID) (Amount) ကိုရိုက်ထည့်ပြီး 1666 သို့ပေးပို့ရမည်။

Top Up (Customer Self) TOPME (Customer PIN) (Amount) ကိုရိုက်ထည့်ပြီး 1666 သို့ပေးပို့ရမည်။

Check Balance (Customer) TOTAL (Customer PIN) ကိုရိုက်ထည့်ပြီး 1666 သို့ပေးပို့ရမည်။

Change Pin (Customer) CPIN (Old PIN) (Nes PIN) (New PIN) ကိုရိုက်ထည့်ပြီး 1666 သို့ပေးပို့ရမည်။

Channel Change (Customer) လက်ရှိအသုံးပြုလိုသော Channel မှ SMS Channel သို့ ပြောင်းလဲလိုလျှင် JOIN (Old Pin)ကို ရိုက်ထည့်ပြီး 1666 သို့ပေးပို့ရမည်။

PIN နံပါတ်ဆိုသည်မှာ – Myanmar Mobile Money Service အသုံးပြုသူ၏ လျှို့ဝှက် PIN နံပါတ် (လျှို့ဝှက် ကုတ်နံပါတ်ဖြစ်သည်။)

Customer ID ဆိုသည်မှာ – မိမိဆောင်ရွက်ပေးလိုသောသူ၏ မိုဘိုင်းလ်ဖုန်းနံပါတ်ဖြစ်သည်။

Merchant ID ဆိုသည်မှာ – ငွေသွင်း၊ ငွေထုတ်၊ ဖုန်းငွေဖြည့်သွင်းခြင်းနှင့် ဈေးဝယ်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိသော ကိုယ်စားလှယ်၏ ကုန်သည်အမှတ်ဖြစ်သည်။ (USSD Code) အသုံးပြု၍ ဆောင်ရွက်မည်ဆိုပါက (*666#) ကိုနှိပ်ပြီးနောက် Menu Box အသုံးပြုသူ စာမျက်နှာပေါ်လာလျှင် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် မိမိဆောင်ရွက် အသုံးပြုလိုသော ၀န်ဆောင်မှုကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ Application (အင်္ဂလိပ်၊ မြန်မာ) သုံးပြုမည်ဆိုပါက application အား download ပြုလုပ်၍သော်လည်းကောင်း၊ နီးစပ်ရာကိုယ်စားလှယ် Agent ထံထည့်သွင်း အသုံးပြုနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက – Call Center – 1211, 1212 Hot Line : 3636, 3939 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်းပိုက်ဆံအိတ်အသုံးပြုသူများအတွက် ရရှိမည့်အကျိုးကျေးဇူးများ

  • မိမိပိုင်ငွေသားများကို ယခင်ကကဲ့သို့ အိမ်တွင်သိမ်းထားရန်မလိုဘဲ ဖုန်းပိုက်ဆံငွေစာရင်းထဲတွင် လုံခြုံစွာသိမ်းဆည်းထားနိုင်ခြင်း၊ (ယခင်ဘဏ်အကောင့်ရှိရန်မလိုပါ)၊
  • မိမိငွေလွှဲထားသည့် ငွေစာရင်းများကိုလည်း အချိန်မရွေး ပြန်လည်စစ်ဆေးနိုင်ခြင်း၊
  • စာတိုပို့စနစ်(SMS)၊ အမြန်စာတိုပို့စနစ်(USSD)နှင့် Smart ဖုန်းစနစ် (Application)ထည့်သွင်း အသုံးပြုနိုင်ခြင်း၊
  • (၂၄)နာရီ (၇)ရက် အသုံးပြုနိုင်ခြင်း၊
  • ငွေသားနှင့် ချက်လက်မှတ် မလိုအပ်ခြင်း၊
  • မိမိဖုန်းပိုက်ဆံအိတ်မှ မိမိ(သို့)အခြားသူအား ဖုန်းပြောခငွေဖြည့်နိုင်ခြင်း၊
  • ငွေအကြွေ ပြဿနာများမရှိခြင်း၊
  • ခရီးစရိတ်သက်သာ၊ အချိန်ကုန်သက်သာခြင်း၊
  • လုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ပြီးမြောက်နိုင်ခြင်း၊
  • သုံးစွဲနေစဉ်အတွင်း သိရှိလိုသောအကြောင်းကိစ္စ တစ်စုံတစ်ရာရှိပါက Call Center – 1211,1212, Hot Line – 3636,3939 သို့ အချိန်မရွေးဖုန်းဆက် စုံစမ်းမေးမြန်းနိုင်ခြင်း၊

ဖုန်းပိုက်ဆံအိတ်အတွင်း ငွေသွင်းခြင်း သုံးစွဲသူတစ်ဦးသည် မိမိနှင့်အနီးဆုံးတွင်ရှိသည့် ဖုန်းပိုက်ဆံကိုယ်စားလှယ်ရှိရာသို့ သွားရောက်၍ မိမိမိုဘိုင်း(လ်)ဖုန်းအတွင်း၌ မိုဘိုင်း(လ်)ပိုက်ဆံအိတ်အဖြစ် ထည့်သွင်းလိုသော ငွေပမာဏကို အလွယ်တကူ ဖြည့်သွင်းနိုင်သည်။

မိမိဖုန်းပိုက်ဆံအိတ်မှ ငွေသားထုတ်ခြင်း လွှဲပြောင်းရရှိငွေ၊ ဖုန်းပိုက်ဆံအိတ်လက်ကျန်ငွေများကို ဘဏ်အထိတိုက်ရိုက်သွားရောက်ရန်မလိုဘဲ နီးစပ်ရာ မြန်မာမိုဘိုင်း(လ်)မန်းနီး ကိုယ်စားလှယ်များထံတွင် အလွယ်တကူငွေသား ထုတ်ယူနိုင်သည်။

ဖုန်းပိုက်ဆံဖြင့် မိုဘိုင်း(လ်)ဖုန်းပြေခငွေ ဖြည့်သွင်းခြင်း ဖုန်းပိုက်ဆံဖြင့် မိမိ၏မိုဘိုင်း(လ်) (သို့) အခြားသူအတွက် ဖုန်းကဒ်ငွေဖြည့်သွင်းခြင်းကို အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ ငွေဖြည့်နိုင်ပါသည်။ စက္ကူငွေဖြည့်ကဒ် လှမ်းဝယ်စရာမလိုဘဲ မိမိ၏ဖုန်းပိုက်ဆံအိတ် အတွင်းမှငွေဖြင့် MPT(သို့)MECTel ဖုန်းများ ဖုန်းပြောခငွေဖြည့်နိုင်ပါသည်။

ဖုန်းပိုက်ဆံဖြင့် ငွေလွှဲခြင်း မိမိငွေလွှဲပို့လိုသူ၏ဖုန်း(သို့) ၄င်းနေထိုင်ရာနေရာရှိ ကိုယ်စားလှယ်၏ဖုန်းသို့ အချိန်မရွေး ဖုန်းလိုင်းမိရုံဖြင့် အချိန်တိုအတွင်းလွယ်ကူစွာ ငွေလွှဲပေးနိုင်သည်။

ရရှိနိုင်သော ဖုန်းပိုက်ဆံဝန်ဆောင်မှုများ

  • ငွေသွင်းခြင်း
  • ငွေသားထုတ်ခြင်း
  • ငွေလွှဲပို့ခြင်း
  • ဖုန်းပိုက်ဆံအိတ်မှငွေဖြင့် မိုဘိုင်း(လ်)ဖုန်းပြောခငွေဖြည့်ခြင်း
  • မီတာဘီလ်နှင့် အခြားဘီလ်များပေးချေခြင်း
  • ကားလက်မှတ်ဝယ်ခြင်း၊ ရုပ်ရှင်လက်မှတ်ဝယ်ခြင်း၊
  • ကုန်ပစ္စည်းဝယ်ယူခြင်း၊
  • Online ဈေးဝယ်ခြင်း၊
  • ကုမ္ပဏီဝန်ထမ်းများအား လစာပေးခြင်း

မိုဘိုင်း(လ်)ပိုက်ဆံ ဖုန်းပိုက်ဆံ ဆိုသည်မှာ – လူတစ်ယောက်နှင့် တစ်ယောက်အကြား ငွေလွှဲခြင်း၊ ငွေပေးချေခြင်း ၀န်ဆောင်မှုများကို မိုဘိုင်း(လ်)ဖုန်းသုံးစွဲ၍ ပြုလုပ်နိုင်သော ၀န်ဆောင်မှုဖြစ်သည်။

ဝန်ဆောင်မှုကိုယ်စားလှယ်ဆိုသည်မှာ – မြန်မာမိုဘိုင်း(လ်)မန်းနီး ၀န်ဆောင်မှုသုံးစွဲသူများ၏ ငွေသွင်း၊ ငွေထုတ်လုပ်ငန်းများတွင် လွယ်ကူလျှင်မြန်စွာ လုပ်ဆောင်နိုင်ရန် ကူညီပေးသောဒေသဆိုင်ရာ ကိုယ်စားလှယ်များဖြစ်သည်။ ကိုယ်စားလှယ်များကို တစ်နိုင်ငံ လုံးတွင် ဘဏ်မှစီစစ်ရွေးချယ် ခန့်အပ်ထားခြင်းဖြစ်သည်။

ဖုန်းပိုက်ဆံကို ဘယ်လိုဖုန်းအမျိုးအစားများတွင် အသုံးပြုနိုင်ပါသလဲ – ခလုတ်(Key Pad)ဖြစ်စေ၊ Smart ဖုန်းဖြစ်စေ၊ GSM, CDMA450, CDMA800 နှင့် WCDMA မည်သည့် မိုဘိုင်း(လ်)ဖုန်းအမျိုးအစားတွင်မဆို အသုံးပြုနိုင်ပါသည်။